BigSale ဆန်စက် စာရင်းစနစ် ဆက်သွယ်ရန်
🌾 ဆန်စက်လုပ်ငန်းရှင်များအတွက် သီးသန့်

BigSale ဆန်စက် စာရင်းစနစ်

စာရွက်စာအုပ်တွေနဲ့ တိုင်ပတ်နေရတဲ့ ခေတ်ကို လွန်မြောက်လိုက်ပါ။ စပါးလက်ခံတာကနေ ကြိတ်ခ၊ ထွက်ကုန်၊ ရှင်းတမ်း၊ ငွေစာရင်းအထိ — တစ်နေရာတည်းမှာ ရိုးရှင်းလင်းလင်း။

✔ ဖုန်း · ကွန်ပျူတာ✔ မြန်မာလို အပြည့်✔ ဆိုင်ဘောက်ချာ ပုံစံအတိုင်း
ဆန်စက် ပင်မစာမျက်နှာ
ဖုန်းနဲ့ သုံးပုံ

ဒီပြဿနာတွေ ကြုံနေရလား?

ဆန်စက် ပိုင်ရှင်တွေ နေ့တိုင်း ပင်ပန်းနေရတဲ့ အရာတွေ

📒

ညတိုင်း ငွေစာရင်း ပေါင်းရ

ကြိတ်ခ ရငွေ၊ ဆန်ရောင်းငွေ၊ ဆီဖိုး… တစ်ကြောင်းချင်း ရေး၊ ပေါင်း၊ လက်ကျန် ညှိ

→ ဘောက်ချာ ထုတ်တာနဲ့ ငွေစာရင်း အလိုလို
🧮

ကြိတ်ခ / ခုနှိမ် တွက်ရ ခက်

အခြောက်ခံခ၊ ကြိတ်ခ၊ အိတ်ဖိုး — ဆန်ကွဲ/ဖွဲ ပြန်ဝယ်တာနဲ့ ခုနှိမ်ရ

→ အလိုလို တွက် ၊ ရှင်းတမ်း တစ်စောင်တည်း
🔍

ကြွေး / လက်ကျန် စာအုပ်လှန်ရှာ

ဘယ်သူ့ ဘယ်လောက် ကျန်လဲ၊ စပါး ဘယ်မျိုး ဘယ်လောက် ကျန်လဲ

→ ဖုန်းထဲမှာ ချက်ချင်း

အဓိက လုပ်ဆောင်ချက်များ

ဆန်စက် တစ်ခုလုံးရဲ့ အလုပ် — စပါး ဝင်တာကနေ ငွေ ရှင်းတာအထိ

စပါးဝယ်ယူ / လှောင်ရုံ

စပါးလက်ခံ နဲ့ စပါးပုံ တစ်ပုံချင်း

  • တောင်သူ၊ စပါးမျိုး၊ တင်းရေ မှတ်ပြီး လက်ခံဖြတ်ပိုင်း ထုတ်ပေး
  • အခြောက်ခံ → ကြိတ် → သန့်စင် အဆင့်တိုင်း ပြီး/မပြီး တစ်ချက်ကြည့်
  • နားနေဆဲ စပါးပုံ ဘယ်အချိန် အဆင်သင့်ဖြစ်မလဲ ပြ
  • ဂိုဒေါင် — စက်ပိုင် / တောင်သူ့စပါး ၊ လှောင်ခ ၊ ထုတ်တုန်း လျော့ပါး မှတ်
စပါးလက်ခံ နဲ့ စပါးပုံ တစ်ပုံချင်း
ကြိတ်ခ နှင့် စရိတ်

ကြိတ်ခ အလိုအလျောက် တွက်

  • အခြောက်ခံခ၊ ကြိတ်ခ၊ သန့်စင်ခ — အဆင့်အလိုက် နှုန်း (တစ်ခါချင်း ပြင်လို့ရ)
  • အိတ်ဖိုး စတဲ့ အခြားစရိတ် ထည့်လို့ရ
  • ထွက်ကုန် (ဆန်၊ ဆန်ကွဲ၊ ဖွဲ) ချိန်ခွင်ပေါ်ကအတိုင်း မှတ်
  • ကြိတ်ခ ဘောက်ချာ ချက်ချင်း Print
ကြိတ်ခ အလိုအလျောက် တွက်
ရှင်းတမ်း

စက်ကိုရောင်း + ခုနှိမ် ရှင်းတမ်း

  • တောင်သူက ဆန်ကွဲ / ဖွဲနု စက်ကို ပြန်ရောင်းရင် ကြိတ်ခနဲ့ အလိုလို ခုနှိမ်
  • စက်က ပေးရမလား၊ တောင်သူက ပေးရမလား — ရှင်းတမ်း တစ်စောင်တည်း
  • ကျန်တဲ့ကုန် ပြန်ယူ — လက်ခံကနေ ပြန်ယူအထိ မှတ်တမ်း
စက်ကိုရောင်း + ခုနှိမ် ရှင်းတမ်း
အရောင်း / အဝယ်

ဘောက်ချာ — ဆိုင်ပုံစံအတိုင်း

  • အမည် · နေရပ် · အမျိုးအမည် · ဦးရေ · နှုန်း · သင့်ငွေ · ပေးငွေ/စရံ · ကျန်ငွေ
  • ဆိုင်နာမည်၊ logo၊ ဆိုင်ခွဲ လိပ်စာ၊ ငွေလွှဲအကောင့် ပါ — A5 / A4 / 80mm
  • စာအုပ်ဟောင်း အမှတ်စဉ်ကနေ ဆက်ထွက်
  • အကြွေး / အရစ်ကျ ငွေရ
ဘောက်ချာ — ဆိုင်ပုံစံအတိုင်း
ငွေစာရင်း

နေ့စဉ် ငွေစာရင်း — ရငွေ | သုံးငွေ

  • စာရွက် ငွေစာရင်း ပုံစံအတိုင်း ဘယ် ရငွေ ၊ ညာ သုံးငွေ
  • Cash / KPay / ဘဏ် တစ်ခုချင်း စာရင်းဖွင့် / ပိတ် လက်ကျန် အလိုလို
  • မနေ့က ပိတ်လက်ကျန် → ဒီနေ့ ဖွင့်လက်ကျန်
  • ကြွေးစာရင်း — ရရန် / ပေးရန် လူတစ်ယောက်ချင်း ၊ ဘယ်နှရက် ကြာပြီ
နေ့စဉ် ငွေစာရင်း — ရငွေ | သုံးငွေ
အထွက်နှုန်း

ကြိတ်မှု အထွက်နှုန်း

  • စပါး ၁၀၀ တင်းမှာ ဆန်၊ ဆန်ကွဲ၊ ဖွဲနု ဘယ်နှ % ထွက်လဲ
  • ကြိတ်တစ်ခါချင်း — တင်းရေ၊ ဆန် / EX / A.1 / 1.2 အိတ်ရေ
  • ရက်ကိုးဆယ်၊ ပေါ်ဆန်း … စပါးမျိုးအလိုက် နှိုင်းယှဉ်
  • စက်ပိုင် / တောင်သူ့စပါး ခွဲကြည့်
ကြိတ်မှု အထွက်နှုန်း
လက်ကျန်

စပါး / ဆန် — ရ / ထုတ် / ကျန်

  • စပါး ဂိုဒေါင် ၊ ဆန် ဂိုဒေါင် — မျိုးတစ်မျိုးချင်း
  • စက်ဝယ် · အခြောက်ခံ · ကြိတ် · ရောင်း · လျော့ → လက်ကျန်
  • စက်ပိုင်ကုန် တန်ဖိုး (ပျမ်းမျှဈေး) နဲ့ ကုန်ကတ်
  • အမြတ် / အရှုံး — ကြိတ်ခ ဝင်ငွေ + ကုန်အမြတ် − အသုံးစရိတ်
စပါး / ဆန် — ရ / ထုတ် / ကျန်

အလုပ်လုပ်ပုံ

တောင်သူ စပါး ယူလာကတည်းက ပြန်ယူသွားတဲ့အထိ

စပါးလက်ခံတောင်သူ၊ မျိုး၊ တင်းရေ — လက်ခံဖြတ်ပိုင်း
အခြောက်ခံအခြောက်ခံခ အလိုလို ၊ နားချိန် ပြ
ကြိတ် / သန့်စင်ထွက်ကုန် ချိန် ၊ ကြိတ်ခ + အိတ်ဖိုး
စက်ကိုရောင်းဆန်ကွဲ / ဖွဲ ပြန်ဝယ် — ဈေးနဲ့
ရှင်းတမ်းခုနှိမ်ပြီး ငွေ ရှင်း ၊ ကျန်ကုန် ပြန်ယူ

Report များ

နှိပ်ပြီး ပုံအကြီး ကြည့်ပါ — Print / Excel ထုတ်လို့ရ

📲 ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ — ဘယ်ကနေမဆို

ဘာမှ install လုပ်စရာ မလို — browser နဲ့ ဝင်ရုံ။ စက်မှာ မရှိလည်း ဖုန်းနဲ့ ဒီနေ့ ငွေစာရင်း၊ ကြွေး၊ လက်ကျန် ကြည့်လို့ရ။

👥 ပိုင်ရှင် / ဝန်ထမ်း အကောင့် သပ်သပ် — ငွေစာရင်း၊ အမြတ် ကို ပိုင်ရှင်သာ ကြည့်ရ ၊ ဘယ်သူ ဘာပြင်လဲ မှတ်တမ်း

ဖုန်းနဲ့ သုံးပုံ

မေးလေ့ရှိသော မေးခွန်းများ

ဘာတွေ install လုပ်ရမလဲ?

ဘာမှ မလိုပါ။ ဆိုင်အတွက် ကိုယ်ပိုင် လိပ်စာ (ဥပမာ ဆိုင်နာမည်.bigsale7.com) ရပြီး ဖုန်း (သို့) ကွန်ပျူတာ browser နဲ့ ဝင်ရုံပါ။ အင်တာနက် လိုပါတယ်။

ကွန်ပျူတာ မကျွမ်းကျင်ရင် သုံးနိုင်မလား?

စာအုပ်ပုံစံအတိုင်း ရိုက်ထည့်ရုံပါ — မြန်မာလို အပြည့်ပါ။ စနစ်ထဲမှာ ပုံနဲ့ရှင်းထားတဲ့ အသုံးပြုနည်း လမ်းညွှန် ပါပါတယ်၊ စာမျက်နှာတိုင်းက ? ခလုတ်နှိပ်ရင် အဲ့အပိုင်း တန်းပွင့်ပါတယ်။

ကြိတ်ခ နှုန်းက ဆိုင်တိုင်း မတူဘူး — ပြင်လို့ရလား?

ရပါတယ်။ အခြောက်ခံ / ကြိတ် / သန့်စင် အဆင့်တစ်ခုချင်း မူလနှုန်း သတ်မှတ်ပြီး၊ တောင်သူ တစ်ယောက်ချင်း လျှော့/ပို ပေးချင်ရင် အဲ့တစ်ခါအတွက် ပြင်လို့ရပါတယ်။ ဝင်ကုန်ပေါ် (တင်း) / ထွက်ကုန်ပေါ် (အိတ်) / တစ်ကြိမ် ပုံသေ — တွက်နည်း ရွေးလို့ရပါတယ်။

ကျွန်တော့် ဘောက်ချာ ပုံစံ အတိုင်း Print ထုတ်လို့ရလား?

ရပါတယ်။ ဆိုင်နာမည်၊ logo၊ လိပ်စာ၊ ဖုန်း၊ ဆိုင်ခွဲ၊ ငွေလွှဲအကောင့် ထည့်ပြီး အရောင်ပါ / ရိုးရိုး ပုံစံ ရွေးလို့ရပါတယ်။ စာအုပ်ဟောင်း အမှတ်စဉ် (ဥပမာ 08045) ကနေ ဆက်ထွက်အောင်လည်း သတ်မှတ်လို့ရပါတယ်။

လက်ရှိ ကြွေး၊ လက်ကျန် တွေ ထည့်လို့ရလား?

ရပါတယ်။ စတင်သုံးတဲ့နေ့ စက်ပိုင် စပါး/ဆန် လက်ကျန်ကို “လက်ကျန်အဟောင်း” မှာ၊ Cash / KPay / ဘဏ် လက်ကျန်ကို “လက်ကျန်စ” မှာ တစ်ခါ ထည့်ရုံပါ။ အဲ့နေ့ကစပြီး နေ့တိုင်း အလိုလို ဆက်တွက်ပါတယ်။

ဝန်ထမ်းတွေ သုံးရင် ငွေစာရင်း မြင်မှာ စိုးတယ်

ပိုင်ရှင် / ဝန်ထမ်း ခွင့်ပြုချက် ခွဲထားပါတယ်။ နေ့စဉ် ငွေစာရင်း၊ အမြတ်၊ ကုန်အမျိုး/ဈေး ပြင်တာ စတာတွေ ပိုင်ရှင်သာ လုပ်ရပါတယ်။ ဘယ်သူ ဘာ ထည့်/ပြင်/ဖျက် လဲ မှတ်တမ်း ကျန်ပါတယ်။

ဒေတာ လုံခြုံလား? တခြားဆိုင်တွေ မြင်နိုင်လား?

ဆိုင်တစ်ဆိုင်ချင်း database သပ်သပ်စီ ဖြစ်လို့ တခြားဆိုင် မမြင်နိုင်ပါ။ ကိုယ့်ဆိုင် လိပ်စာ၊ ကိုယ့် အကောင့်နဲ့သာ ဝင်ရပါတယ်။

ပွဲရုံ / ဆန်ဆိုင်ပါ လုပ်တယ် — သုံးလို့ရလား?

ရပါတယ်။ အကောင့် တစ်ခုတည်းမှာ ဆန်စက်၊ ပွဲရုံ၊ ဆန်ဆိုင် လုပ်ငန်းတွေ ရွေးထားပြီး ခလုတ်နဲ့ ပြောင်းသုံးလို့ရပါတယ်။

Excel နဲ့ ထုတ်လို့ရလား?

Report တွေကို Print နဲ့ Excel ထုတ်လို့ရပါတယ်။

ဈေးနှုန်း ဘယ်လောက်လဲ?

ဖုန်း / Viber နဲ့ မေးမြန်းပါ — ဆိုင်ရဲ့ လိုအပ်ချက်အလိုက် ရှင်းပြပေးပါမယ်။

ဆန်စက် စာရင်းကို ဒီနေ့ပဲ ဖုန်းထဲ ရွှေ့လိုက်ပါ

ဖုန်း / Viber နဲ့ မေးမြန်းပါ — ဆိုင်ရဲ့ လုပ်ငန်းပုံစံအတိုင်း ရှင်းပြပေးပါမယ်

📍 ရုံးခန်းလိပ်စာ: Ground Floor, Building No. 326, Head of Ussaphayar 2nd Street, 33rd Ward, North Dagon Township, Yangon.